ရန်ကုန်၊ စက်တင်ဘာ (၂၆) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်က ရာအိမ်မှူး မင်းထွန်း ဒီနေ့ညက သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင် နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီအေး တို့ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မှာရှိတဲ့ ရွာမရဲစခန်းကို ဒီနေ့မနက် (၅) နာရီခွဲက ဗုံးသီးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ Yangon Federal Army (YFA) က ထုတ်ပြန်ထားပါတယ်။ 79 40 mm ဗုံးသီး (၂) လုံးပစ်ခတ်ဖို့ စီစဉ်ထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့် တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ “ပစ်ခံရတယ်လို့တော့ ကြားတယ်။ အင်းစိန်ထောင်နားမှာပဲ။ ဘယ်လောက်ထိခိုက်တယ် ဆိုတာတော့ မသိဘူး။အဲနားမှာက ဘောလုံးကွင်းလည်းရှိတယ်။အဲ့ဒီနေရာကျရင်တော့ ထိမှာမဟုတ်ဘူး။ စခန်းပတ်ပတ်လည်လောက်ကျရင်တော့ ထိမှာဟုတ်တယ်။ အဲ့ဒီနေရာမှာ ရဲဝန်ထမ်းလိုင်းခန်း၊ CID ကလိုင်းခန်း၊ ထောင်ဝန်ထမ်းလိုင်းခန်းတွေအများကြီးပဲ ရဲနယ်မြေလို့ပြောလို့ရတယ်။” လို့ အင်းစိန်မြို့မှာ နေထိုင်သူအမျိုးသား တစ်ဦးက ပြောပါတယ်။ အဲ့ဒီစစ်ဆင်ရေးဟာ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ရဲ့ ပျံလွှားအောင်…

read more