ရန်ကုန်၊ဇန်နဝါရီ(၂၁) စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုပြုလုပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။ “ကျဆုံးသွားတဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသွားတဲ့ပါတီဝင်တွေရှိတယ်လေ။ ပါတီဝင်တွေအတွက် သမိုင်းမှတ်တမ်းတင်တဲ့ အထိမ်းအမှတ်ကျောက်တိုင်ပေါ့နော် ဒီကာလတွေမှာ ဒီလိုမျိုး မတရားပြုကျင့်မှုတွေကြောင့် သေဆုံးခဲ့ကြတဲ့သူတွေကို သမိုင်းမှတ်တမ်းတင် အထိမ်းအမှတ်ကျောက်တိုင် သဘာမျိုးပေါ့။ ကျွန်တော်တို့ ဒီလိုအကြမ်းဖက်မှုတွေကို အားမပေးဘူး။ အကြမ်းဖက်ကြောင့် သေဆုံးသွားပါတီဝင်တွေ ကိုလည်း ကျွန်တော်တို့က သတိတရပေါ့နော်၊ နောင်ကို ဒီလိုဖြစ်စဉ်မျိုးမရှိအောင် အစတုန်းက ဒီလိုလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့တယ်ဆိုတာကို သိရဖို့ပါ” လိုတယ်လို့ နေပြည်တော်သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးချိန်မှာ သူကပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်း တာကို ထောက်ခံကြိုဆိုပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေ နဲ့ စစ်အာဏာရှင်ကို လက်မခံတဲ့ ပြည်သူတွေကြားမှာ တင်းမာမှုတွေ ရှိနေခဲ့တာပါ။…

read more