ရန်ကုန်၊ ဇွန် (၁၈) မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၁၈) မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် ငြိမ်းချမ်းရေးကို ရယူလိုပါက မင်းအောင်လှိုင် တစ်ဦးထဲရဲ့ ရူးသွပ်တဲ့ စိတ်ဆန္ဒတစ်ခုထဲအပေါ် အခြေခံပြီး လုပ်ဆောင်မယ်ဆိုပါက အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားပါတယ်။

read more

ရန်ကုန်၊မေ(၁၈) အကြမ်းဖက် စစ်အုပ်စုရဲ့ အတားအဆီးတွေကို ပုံစံမျိုးစုံနဲ့ ခက်ခက်ခဲခဲဖြတ်သန်းပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသူတွေအတွက် ဧပြီလတစ်လအတွင်းမှာပဲ ကျပ်သန်း (၁၀၀) ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ မေ (၅) မကြာခင်ကာလမှာ ပညာရေးနဲ့ ပတ်သက်ပြီး ဒီဂရီကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ ဆရာ၊ ဆရာမတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းလုံခြုံစွာနဲ့ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးကို ကြိုတင်စီမံထားဖို့ လိုတယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။

read more

ရန်ကုန်၊ဧပြီ(၂၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၆) တော်လှန်ရေးဟာ တစ်ရက်စောပြီး အောင်မြင်ရင် တစ်ရက်ဆိုသလို ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခပေါင်းစုံက သက်သာမှာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ပေးကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့ရော၊ တောပါ မကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဘော်အင်အားကလဲ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) လေပြင်းမုန်တိုင်းတိုက်ခတ်လို့ ပျက်စီးသွားတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင်စခန်း အဆောင်အသစ်တွေ ပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) အခုလက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF ရဲဘော်တွေရဲ့ အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုး သိမ်းပိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို မကြာခင် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်တော်သား အဖြစ် လက်နက်အပြည့်အစုံနဲ့ လာရောက်ရောက် ပူးပေါင်းပါက လုံခြုံရေးကို အထူးအာမခံပေးမှာဖြစ်သလို ငွေကျပ်သိန်း (၃၀) ကိုလည်း ချီးမြှင့်မှာ ဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာ က ပြောပါတယ်။

read more