ရန်ကုန်၊ စက်တင်ဘာ (၂) စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု နဲ့ ညံ့ဖျင်းမှုတွေကြောင့် ပြည်သူတွေအနေနဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို အပြင်းအထန် ခံစားနေရတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

CDM ဝန်ထမ်းတွေကြောင့် နိုင်ငံတော်အခွန်ငွေ ပြည့်ဝစွာ မရရှိပဲ ခက်ခဲစွာ ဖြတ်ကျော်နေရတယ်လို့ စစ်ခေါင်းဆောင် ပြော ရန်ကုန်၊ သြဂုတ် (၂၃) CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကြောင့် အစိုးရရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့လို့ နိုင်ငံအခွန်ငွေ ပြည့်ဝွာ မရှိပဲ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေသာ ဆောင်ရွက်ပြီး ခက်ခဲစွာ ဖြတ်ကျော်နေရတဲ့လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၁၉) မိမိတို့အနေနဲ့ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမယ့် အချိန်ကို ရောက်ရှိလာပြီ ဖြစ်လို့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကိုလည်း အရေးတကြီးလုပ်ဆောင်ရမှာ ဖြစ်အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၁၇) ပြည်သူလူထုအနေနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလွန်းတဲ့ အခြေအနေမျိုးတွေကို အဓိက ဖန်တီးနေတဲ့ တရားခံတွေကို အမြစ်ဖြတ်ဖို့ အချိန်ရောက်ပါပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၁၇) လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်တာတွေ ဆောင်ရွက်လာပါက အကြမ်းဖက်နှိမ်နှင်းရေး နည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၁၁) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ကောင်စီ လက်အောက်ခံတွေ ရုံးထိုင်ရာ ဓမ္မရုံ ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (YUGA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) (၃) ရက်အတွင်း တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် (၃၆) ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင် နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီအေး တို့ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၆) စစ်ထွက် တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်း ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ နတ်တလင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၅) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံနယ်မြေရဲစခန်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

read more