ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၁) “နိုင်ငံတော်ကာကွယ်ရေး ဆိုတာ ပြည်သူတွေကို ကာကွယ်ရန် ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် တချို့နေရာတွေမှာ စွန့်စားပြီး ပေးဆပ်ကာကွယ်ခဲ့ရတယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းတာ(၁)နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၃၀) အာဆီယံဥက္ကဌ က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေအပေါ်မူတည်ပြီး လက်နက်ကိုင်အဖွဲ့ အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံး ကို တွေ့ဆုံခွင့်ပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ က၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး အာဆီယံဥက္ကဌ ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်း ကို ခန့်အပ်ဖို့ အဆိုပြုပြီးနောက် စစ်ကော်စီ က အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကမ္ဘောဒီးယား…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၃) တရားစီရင်ရေး၊ ဥပဒေအကြံပြု တွေအနေနဲ့ မှုခင်းကိစ္စတွေ ကို ဆောင်ရွက်ရာမှာ မှန်ကန်မြန်ဆန်မှုရှိစေဖို့ နဲ့ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တရားစီရင်ရေးအတွက် တရားစီရင်ရေးဟာ မှန်ကန်မြန်ဆန်ပြီး ဥပဒေ နဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး နဲ့ အဂတိလိုက်စားမှု ကင်းရှင်းရေးကလည်း အဓိကအရေးပါတယ်လို့ မနေ့က မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး နဲ့ တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တရားစီရင်ရာမှာ အမြန်ဆုံးတရားစီရင်ရေးဟာ အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တယ်။ တရားစီရင်ရေး နဲ့ ဥပဒေ ရေးရာကဏ္ဍ တွေက မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နဲ့ မျှမျှတတ ဆောင်ရွက်ဖို့ လိုအပ်တယ်”…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာသာ ဆက်လက်လျှောက်လှမ်းနေတာဖြစ်ပြီး တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တိုင်း နဲ့ ပြည်နယ် တချို့ကို စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ရာမှာလည်း အလွန်ဆိုးရွားသည့်နယ်မြေတွေကိုသာ စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေနဲ့ စတင်တာဝန်ယူချိန်က ဆူပူမှုတွေ မရှိသလောက် နည်းပါးခဲ့ပေမယ့် ဖေဖော်ဝါရီ (၃) ရက် နောက်ပိုင်းမှာ ဆန္ဒပြမှု တွေ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) စားသောက်ကုန် ပစ္စည်း တွေကို ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်မယ်ဆိုပါက ပြည်ပသွင်းကုန် တွေကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံခြားငွေသုံးစွဲမှု ကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဟာ ဆန်ဖူလုံမှုမရှိတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လယ်မြေ တွေကို အသုံးမပြုဖို့ နဲ့ မြေကိုအကျိုးရှိစွာအသုံးချဖို့ လိုအပ်တယ်လို့ မနေ့က မြိတ်ခရိုင် အတွင်း ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်း နဲ့ ဒေသအတွင်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်း အစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်ပါတယ်။ မြိတ်မြို့ဆိပ်ကမ်း ကို နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ သံရိုင်း၊ ကျောက်မီးသွေး…

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၄) တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ “ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၀) သာယာလှပပြီး သယံဇတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ အပြီးတိုင်မချုပ်ငြိမ်းသေးလို့ သဘာဝအလှတရား တွေကို အပြည့်အဝမခံစားနိုင်သေးသလို သဘာဝသဟံဇာတ တွေကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုး ကို ထိရောက်အောင်မြင်နိုင်မှာသာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခံစားပြီးဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း နေထိုင်သူတွေအနေ နဲ့ ငြိမ်းချမ်းရေးကို အလွန်တောင်းတနေပြီး…

read more

ရန်ကုန်၊ဇန်နဝါရီ(၁) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ စစ်ခေါင်းဆောင်တွေ ကို အောက်ခြေတပ်ဖွဲ့ဝင်မိသားစုတွေက ယုံကြည်မှုနည်းနေပြီး အမှန်တရားဘက်ကို ကူးပြောင်းကာ ပြည်သူနဲ့အတူ ပူးပေါင်းစေချင်တဲ့ သဘောရှိတယ်လို့ တပ်မတော်ချစ်သူများကွန်ရက် အဖွဲ့ဝင်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ အမိန့်အရ၊ စားဝတ်နေရေးအရ တပ်တွင်းဝင်ကာ တပ်မတော်တာဝန်တွေကို ထမ်းဆောင်နေတဲ့ ရှေ့တန်းရောက် တပ်မတော်သားတွေဆီကို မိသားစုဝင်တွေက မှာကြားလိုသော ပေးစာတွေမှာ ပြည်သူ့ဘက်ကို ကူးပြောင်းစေချင်တဲ့ သဘောမျိုးတွေပါတဲ့ စာတွေကို လက်ခံရရှိတယ်လို့ တပ်မတော်ချစ်သူများကွန်ရက် ဒီဇင်ဘာ(၂၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလမှာ မိမိတို့ရဲ့ရှေ့တန်းရောက် တပ်သားတွေအတွက် အသက်အန္တရာယ်ကို စိုးရိမ်ကြောင့်ကြနေရတဲ့ မိဘတွေရဲ့ ပူပန်မှုနဲ့ ပြည်သူတစ်ရပ်လုံးနီးပါးက မုန်းတီးစက်ဆုပ်လာတဲ့ အဖွဲ့အစည်းကြီးမှာ စိတ်မပါပေမယ့် တာဝန်ဆက်လက်ထမ်းဆောင်နေရတဲ့ သားကောင်းစစ်သည်တွေအနေနဲ့မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ် အချိန်မီဘက်ကူးပြောင်းကာ အမှန်တရား…

read more