ရန်ကုန်၊ မတ် (၂၈) အောင်ဆန်းတပ်ဖွဲ့က တပ်ခွဲ (၁)၊ တပ်စု (၁) က ရဲဘော် အောင်ဆန်းဦး (ခ) ကိုဦး နဲ့ ရဲဘော် ကျော်ဇင်မျိုး (ခ) အရှည်ကြီး တို့ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့လို့ ဝမ်းနည်းကြောင်း Aung San Force-A.S.F ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ က အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးသင်တန်း ပေးနေသူတွေ ကို ဒရုန်း နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ညနေ (၄) နာရီဝန်းကျင် က အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် က ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် မိမိတို့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အကြမ်းဖက်စစ်တပ် က အခြေပြုတပ်စွဲကာ ပျူစောထီးသင်တန်းပေးနေ လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် ကို မနေ့က ည (၈) နာရီဝန်းကျင်က ချဉ်းကပ် တိုက်ခိုက်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ပြောပါတယ်။ တိုက်ပွဲဟာ အချိန်နာရီဝက်နီးပါးကြာခဲ့ပြီး အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ မဟာမိတ် တပ်ပေါင်းစုအဖွဲ့က မြေပြင်၊ ဝေဟင် အင်အားသုံးတိုက်ခိုက်ခဲ့တာဖြစ်လို့ အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးနိုင်ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချထားတဲ့ ဇီးဖြူကုန်းရွာ ဟာ ပျူစောထီးသင်တန်း ပေးနေတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။

read more