Spread the love

ချင်း၊ မေ (၁)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က စစ်ကောင်စီရဲ့ ကျင်ဒွေးစခန်း ကို ရက်ပေါင်း (၅၄) ရက်ကြာ တိုက်ခိုက်ပြီးနောက် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် ကပြောပါတယ်။

ကျင်ဒွေးစခန်း ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ၊ (၂၂) ရက်နေ့က စတင် တိုက်ပွဲတွေကို ရပ်နားတာ မရှိဘဲ အချိန် (၄) လကျော်ကြာ တိုက်ခိုက်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ (၂၉) ရက် မနက်ပိုင်းက အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဝင်ကြသည့် ထောက်ပို့ ပြည်သူများနှင့် စစ်သည်တော်များ အားလုံး၏ ပြောင်မြောက်သောတိုက်ရည် ခိုက်ရည်၊ ရဲစွမ်းသတ္တိနှင့် အမိန့်နာခံမှုအပေါ် ချင်းညီနောင် အနေဖြင့် လေးနက်စွာ အသိအမှတ်ပြုကြောင်းနှင့် ၎င်းစခန်းသိမ်း တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်နဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်တော်များကို လေးလေးနက်နက် လေးစား အသိအမှတ်ပြုပါ” တယ်လို့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *