Spread the love

ရန်ကုန်၊ ဇွန် (၃)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးက မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်း အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မင်္ဂလာဒုံရဲစခန်းဝန်း ကို မနေ့ ည (၇) နာရီကျော်က ပြင်းအားမြှင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Yangon UG People Army (YUPA) ပြောပြပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ခဲ့တဲ့ ထိခိုက်၊ သေဆုံးအရေအတွက်ကိုတော့ စစ်ကောင်စီက ဇွန် (၃) ရက် မနက်ပိုင်းအထိ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်တွေ၊ စစ်သားတွေနဲ့ ရဲတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ YUPA က မနေ့ည ထုတ်ပြန်ချက်မှာ အသိပေး ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *