Spread the love

ရန်ကုန်၊ ဇွန် (၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ၊ ကြေးနီးလမ်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာပဲ သေဆုံးသွားခဲ့ပြီး (၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့က ဒီနေ့မနက်မှာ ပြောပြပါတယ်။

ကျောက်ဆည်ကျေးရွာ၊ ကြေးနီးလမ်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဇွန် (၁) ရက်၊ မနက် (၁၀) နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် (၃) ယောက် ဒဏ်ရာရခဲ့ပြီး M22 တစ်လက်၊ M4 တစ်လက်၊ Hijet ကားတစ်စီး ဆုံးရှုံးခဲ့ရပါတယ်တယ်။

တိုက်ပွဲမှာ Generation Z Power – GZP ( Mandalay)၊ BRA အဖွဲ့၊ Taw Twin Tup Pee Local အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *