Spread the love

ရန်ကုန်၊ ဇွန် (၄)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့ခရိုင် ရဲအုပ် ကေသီခိုင် ကို ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရဲအုပ်ကေသီခိုင် က ညောင်လေးပင် ရဲစခန်းမှာ တာဝန်ကျတာဗျ..သူယောကျာ်းကလဲ ရဲပဲ ဒိုက်ဦးမြို့နယ်ရဲစခန်းမှာ တာဝန်ကျတယ်…ကေသီခိုင်က အထက်အရာရှိတွေနဲ့ ပေါင်းပြီး ပြွန်တန်ဆာမြို့ ဂျို့ပင် ကျေးရွားနဲ့ သမကျေးရွာက ပြည်သူတွေကို စီးပွားရှာ အမြတ်ထုတ်နေသူပေါ့ သူအဖေဋ္ဌေးလွင်ကပါ အနိုင်ကျင့် ရမ်းကားနေသူ တစ်ယောက်လို့ ပြည်သူတွေရဲ့ တိုင်ချက်အရ ကျန်တော်တို့ 9 stars UG အဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်တာ” ဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရဲအုပ် ကေသီခိုင် ကို မနေ့ (၈) နာရီကျော်က ပြွန်တန်ဆာမြို့အနောက်ဘက်၊ သမကျေးရွာနဲ့ အေးကျေးရွာ ကြားက လမ်းပေါ်မှာ 9 Stars မြေအောက်တပ်ဖွဲ့၊ ပဲခူးတိုင်းဒေသကြီးက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“စကစ.ရဲ့အကြိုက် ရမ်းကားနေတဲ့ စစ်ခွေး ရဲခွေး အုပ်ကြီး ရာအိမ်မှူး ပျူစောထီး ဒလန်မှန်သမျှ…ရရင်ရသလို..တိုက်ခိုက်ပြီး..တော်လှန်ရေး အောင်ပွဲရချိန်အထိ ပြည်သူနဲ့အတူ အစွမ်းကုန် ကြိုးစားသွားပါ့မယ်” လို့ 9 Stars UG Bago ပြည်သူတွေကို ကတိပေးပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *