ရန်ကုန်၊ ဇွန် (၃) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ၊ ကြေးနီးလမ်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာပဲ သေဆုံးသွားခဲ့ပြီး (၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့က ဒီနေ့မနက်မှာ ပြောပြပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၉) စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ကျေးရွာတစ်ရွာ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကျပ် (၂၅) သိန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ညောင်ပင်ဝန်းရဲစခန်း ကို မနေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၅) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထီးဆောင်းကျေးရွာ နဲ့ ညောင်ပင်ဝန်းကျေးရွာကြားက နဘဲကြူးဇရပ်အနီးမှာ ဝပ်ကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ နေ့လည်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

read more

စစ်ကိုင်းက အုပ်ကြီး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြကျေးရွာ မှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ နဲ့ Sagaing Special Attacking Force (SSAF) အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉) ရက် ည (၇) နာရီမှာ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ကို သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ လှိုင်လှိုင်ဝင်းဟာ အရင်က အပြစ်မဲ့ပြည်သူနှစ်ဦး ဗြောက်အိုးဖောက်တာကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတွေကို သတင်းပေးဖမ်းခိုင်းခဲ့တာမျိုးတွေလည်း ရှိတယ်ခဲ့တယ်လို့ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ က…

read more