စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းက သဖန်းသာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ယောက် အပါအဝင် စုစုပေါင်း ပြည်သူ (၁၂) ယောက်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး (၄) ယောက် ပါဝင်ခဲ့ပါတယ်။
read moreရန်ကုန်၊ ဩဂုတ် (၈) စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထုကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တစ်ဘက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။
read moreအသက် (၂၆) နှစ်ရှိပြီ ဖြစ်တဲ့ ကစ်ဟာ မိရိုးဖလာဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက်ပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာချိန်မှာတော့ သူက ဘာသာမဲ့အဖြစ် ခံယူလိုက်ပါတယ်။ “ဖြစ်နေတဲ့ ပဋိပက္ခတွေ စစ်ပွဲတွေ တရားလက်လွတ်ဖြစ်လုပ်နေတဲ့ ကိစ္စတွေမှာ ဘာသာရေး အဆုံးအမတွေက တကယ်ကို လက်တွေ့ မကြနေလို့ပဲ။ ဘာသာရှိတဲ့လူတွေဘက်က ကြည့်ကြည့် ဘာသာမရှိတဲ့လူတွေဘက်က ကြည့်ကြည့် ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ဒါမှားနေရင် တုံ့ပြန်ရမယ်ပေါ့။ မှန်နေတယ်ဆိုရင် ဆက်လျှောက်ရမယ်ပေါ့။ ဒါက ဘာသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတွေရဲ့ အတွေးအခေါ်က မှန်တယ်။ တကယ်လုပ်မှ တကယ်ရမှာလေ။ ဒါက ကိုယ်တိုင်လည်း သိတယ် လက်ခံရမယ့် အမှန်တရား ဖြစ်တယ်” ဆိုတာကို သိလိုက်လို့ ဘာသာမဲ့အဖြစ် ခံယူခဲ့တာ ဖြစ်တယ်လို့ ကစ်…
read moreရန်ကုန်၊ မတ် (၈) နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြု အလေးအနက်ထားပြီး ဝိုင်းဝန်းချီတက်ကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။
read moreရန်ကုန်၊ ဩဂုတ် (၂၄) မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ဘယ်လိုအခြေအနေတွေ (သို့မဟုတ်) ဘာအကြောင်းအရာတွေကို စောင့်ဆိုင်းနေတာလဲဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကမေးခွန်းထုတ်လိုက်ပါတယ်။
read moreရန်ကုန်၊ ဩဂုတ် (၈) စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ရှစ်လေးလုံး စိတ်ဓာတ်ကို ပြန်လည်သယ်ဆောင်ပြီး ဆက်လက်ဆွဲကိုင်ဖို့ လိုအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်း ပြောဆိုလိုက်ပါတယ်။
read moreရန်ကုန်၊ ဇူလိုင် (၁၉) မြန်မာတစ်နိုင်ငံလုံးဟာ စစ်ရေးသတိမပြတ်ရှိနေရတဲ့ အခြေအနေမှာ ဖြစ်နေလို့ နေ့တိုင်း၊ အချိန်တိုင်း စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားခဲ့ပါတယ်။
read moreရန်ကုန်၊ ဇူလိုင် (၁၄) လက်နက်ကိုင်တော်လှန်ခုခံဖို့ ရွေးချယ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ်ကြာနေလို့ မဖြစ်သလို လုပ်စရာရှိတာတွေကို အချိန်ကန့်သတ်ချက်နဲ့ မြန်မြန်ပြီးအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
read moreရန်ကုန်၊ ဇူလိုင် (၁၁) နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရတဲ့ သူရဲကောင်း ရဲဘော်တွေကို ရည်စူးပြီး Acid Local Defence Force အဖွဲ့ဟာ မနေ့က ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။
read moreရန်ကုန်၊ ဧပြီ (၇) စိုးမိုးနယ်မြေ မြို့နယ်အလိုက် အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ သူတွေနဲ့ ကာကွယ်ရေးကို တာဝန်ယူရတဲ့ သူတွေကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ပြဿာနာတစ်ခုချင်းစီအလိုက် အချိန်မီ စုစည်းဖြေရှင်းကြဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်း က သတိပေး ပြောကြားခဲ့ပါတယ်။
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်