ရှမ်း၊ဇူလိုင်(၆) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအောင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး TNLA ဘက်က သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်(ခေါ်) ဂူ;ပ္လါင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

read more

ရှမ်း၊ ဇူလိုင်(၅) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျလို့ စစ်ရှောင်လူဦးရေပိုများလာပေမယ့် ဒီနေ့(ဇူလိုင်၅)ရက်နေ့ မနက်ပိုင်းအထိ မြို့အဝင်အထွက် လုပ်လို့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၅) စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်း ကို တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေဟာ မနေ့က သွားရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ TNLA တပ်ဖွဲ့ဝင် (၈) ယောက် အဆိပ်ငွေ့သင့်ခဲ့တယ်လို့ သိရပါတယ်။

read more

မန္တလေး၊ ဇူလိုင်(၅) ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စစ်ကောင်စီတပ်စခန်း(၂)ခုကို ထပ်ပြီး သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၅) စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ နဲ့ PDF တပ်ဖွဲ့ဝင်တွေက ရှေ့တန်းထွက်ဖို့ မနေ့က ပြင်ဆင်နေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

read more

အသက် (၂၆) နှစ်ရှိပြီ ဖြစ်တဲ့ ကစ်ဟာ မိရိုးဖလာဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက်ပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာချိန်မှာတော့ သူက ဘာသာမဲ့အဖြစ် ခံယူလိုက်ပါတယ်။ “ဖြစ်နေတဲ့ ပဋိပက္ခတွေ စစ်ပွဲတွေ တရားလက်လွတ်ဖြစ်လုပ်နေတဲ့ ကိစ္စတွေမှာ ဘာသာရေး အဆုံးအမတွေက တကယ်ကို လက်တွေ့ မကြနေလို့ပဲ။ ဘာသာရှိတဲ့လူတွေဘက်က ကြည့်ကြည့် ဘာသာမရှိတဲ့လူတွေဘက်က ကြည့်ကြည့် ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ဒါမှားနေရင် တုံ့ပြန်ရမယ်ပေါ့။ မှန်နေတယ်ဆိုရင် ဆက်လျှောက်ရမယ်ပေါ့။ ဒါက ဘာသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတွေရဲ့ အတွေးအခေါ်က မှန်တယ်။ တကယ်လုပ်မှ တကယ်ရမှာလေ။ ဒါက ကိုယ်တိုင်လည်း သိတယ် လက်ခံရမယ့် အမှန်တရား ဖြစ်တယ်” ဆိုတာကို သိလိုက်လို့ ဘာသာမဲ့အဖြစ် ခံယူခဲ့တာ ဖြစ်တယ်လို့ ကစ်…

read more

ရန်ကုန်၊ ဇွန် (၂၆) အခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကလေးငယ် ၄ သိန်းကျော်က အထူးစိုးရိမ်ဖွယ်ရာ အာဟာရချို့တဲ့မှု ဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) စစ်ကောင်စီကို တိုက်ခိုက်နိုင်ဖို့အတွက် အရင်ထက် ဆိုက်ဒ် (၃) ဆပိုကြီးတဲ့ ဒရုန်းတွေနဲ့ လုပ်နိုင်ပြီ ဖြစ်တယ်လို့ Federal Wings ရဲ့ ဒီနေ့ ဖော်ပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၄) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့ခရိုင် ရဲအုပ် ကေသီခိုင် ကို ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၃) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ၊ ကြေးနီးလမ်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာပဲ သေဆုံးသွားခဲ့ပြီး (၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့က ဒီနေ့မနက်မှာ ပြောပြပါတယ်။

read more