ရန်ကုန်၊ စက်တင်ဘာ (၅) စစ်ကောင်စီက မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးစတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။

read more

ရန်ကုန်၊ ဩဂုတ် (၂၈) ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေ အကြပ်အတည်းတွေကို မွန်းကြပ်စွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

ရန်ကုန်၊ ဩဂုတ် (၂၆) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ ကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဩဂုတ် (၈) စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထုကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တစ်ဘက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

ရန်ကုန်၊ ဩဂုတ် (၇) နွေဦးတော်လှန်ရေးတိုက်ပွဲဟာ စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ပြီ လူတွေကို တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကထောက်ပြပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၇) စစ်ကောင်စီက နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူလို့ ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကို နေ့စဥ်နဲ့အမျှ ကြားသိ မြင်တွေ့ နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

ရန်ကုန်၊ မေ (၁) တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားက ပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ယန္တရားအဆင့်ဆင့်ကနေ စီမံကြပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၈) နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြု အလေးအနက်ထားပြီး ဝိုင်းဝန်းချီတက်ကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်း (၃) နှစ်ကျော် ကာလအတွင်း နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်တွေကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ တော်လှန်ရေးဦးဆောင်သူနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) တော်လှန်ရေး စတင်ကတည်းကနေ အခုအချိန် (၃)နှစ်တင်းတင်းပြည့်လာတဲ့ အချိန်အထိ အခက်အခဲ၊ ဒုက္ခတွေကြားမှာ ကြိုးစား ရှင်သန်ရပ်တည် နေကြတာကိုလည်း လေးစားဦးညွတ်ဂုဏ်ပြုပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒီနေ့မှာ ပြောပါတယ်။

read more